SUPPLEMENTS

MedCram Update 59: Dr. Seheult's Daily Regimen (Vitamin D, C, Zinc, Quercetin, NAC) Burmese Dubbed

အခု ဒီ video က Dr. Seheult ရဲ့ COVID-19 လူနာတွေကို ကြည့်ရတဲ့ front-liner တယောက်အနေနဲ့ ပြောပြပေးထားတဲ့ သူ့ရဲ့ နေ့စဥ် regimen အကြောင်းကို ပြောပြမှာပါ.. သူ့ကိုလူတွေ အမေးများတဲ့ အတွက် video နဲ့ပြောပြတာလို့ပြောပါတယ်.. SARS-CoV-2 အတွက် တိကျတဲ့ clinical data ကောင်းကောင်းတွေမရှိသေးတဲ့အချိန်မှာ ရှေ့တန်းက ဆရာ၀န်တယောက်ရဲ့ နေ့စဥ်အကြောင်းကို ပြောပြချင်းအားဖြင့် ဒီမှာလည်း COVID အတွက် ရှေ့တန်းမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် သင့်တော်တာရှိရင် ယူလို့ရအောင်ပါ..

vitamins and supplements အကြောင်းပြောရမယ်ဆို အရမ်းလန့်ရပါတယ်.. တတ်နိုင်သမျှလည်း ရှောင်ပါတယ်.. ဆေးတွေကို ကြောက်တာမဟုတ်ပါဘူး.. scientific facts တွေကို တ၀က်တပျက် refer လုပ်ပြီး supplements ကို supplements လို သဘောမထားပဲ ဆေးပုံစံတွေနဲ့ ရောဂါပျောက်သယောင်၊ တခြား definitive treatment (တိကျတဲ့ ဆေးကုသမှုတွေ) ပဲ မလိုသလို half truth theories (အမှန်တ၀က်ရောပြီး အမှားတွေပြော) တွေလုပ် ပြောပြီး ရောင်းမှာ ၀ယ်မှာတွေကို ကြောက်တာပါ.. တခုခုလုပ်မယ်ဆို တတ်ကျွမ်းတဲ့သူ ဆရာ၀န်နဲ့ တိုင်ပင်ပြီးမှ ညွှန်ကြားတဲ့အတိုင်း လုပ်သင့်ပါတယ်..

ထပ်ပြောပါတယ်.. misuse (ကိုယ်ထင်သလို တလွဲသုံး) ဖို့မဟုတ်ပါ randomized, blinded, placebo-control studies တွေ လိုနေသေးတာတော့ ဟုတ်ပါတယ်.. ဒါပေမယ့် အဲ့တာတွေ အတိအကျထွက်လာတဲ့ အချိန်ကို စောင့်နေကျတုန်းမှာ harm (ဘေး) မဖြစ်စေနိုင်ပဲ evidence ကောင်းသင့်သလောက်ကောင်းတဲ့ အချက်တွေနဲ့ ကိုယ်ခံအားကောင်းအောင် လုပ်နိုင်မယ်ဆိုရင် အကျိုး အနည်းနဲ့ အများရှိမလား ဆိုတဲ့ အတွေးနဲ့ပဲ ပြန်လိုက်တာပါ.. HCWs (ကျန်းမာရေး၀န်ထမ်းတွေကို အဓိက ရည်ရွယ်ပါတယ်) ပြောတာ လွဲတာတွေ၊ လိုတာတွေ၊ ဖြည့်စွက်စရာတွေ တွေ့လို့ ပြင်ပေးရင် ကျေးဇူးတင်မှာပါ

**Dr. Seheult က Pulmonologist ပါ.. Respiratory Therapist ဆိုပြီးကျမ မှားပြောထားလို့ ဒီမှာ စာနဲ့ပဲ ပြင်လိုက်ပါတယ်..**

original video အောက်က youtube comments တွေမှာ တချို့ စိတ်၀င်စားစရာတွေ ပြောထားတာရှိပါတယ်.. သိချင်ရင်သွားကြည့်လို့ရပါတယ်.. article links တွေလည်း သူ့ရဲ့ video descriptions

မှာရှိပါတယ်..

**Video uploaded and dubbed with written permission from MedCram.com**
Origianl Speaker: Roger Seheult, MD Co-Founder of MedCram.com Clinical and Exam Preparation Instructor Board Certified in Internal Medicine, Pulmonary Disease, Critical Care, and Sleep Medicine